ရပ်တန့်သွားသော အသက်ရှူသံများ

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ညချမ်းလေးမှာ . . ကံကြမ္မာရဲ့ နှင်းငွေ့ကြားက လက်သီးပုံးတစ်ချက်ကို ဘယ်သူမှ ကြိုမမြင်ခဲ့ကြဘူးလေ။

အုန်းအုန်းကျက်ကျက်လူတွေကြား မီးညွန့်မီးစွယ်တွေက တဟုန်းဟုန်းတောက်လောင်နေတယ် ။

အန္တရာယ်သတိပေး အချက်ပြမီးတွေက တလက်လက်နဲ့ပေါ့ ။ ကျယ်ကျယ်လောင်လောင် အော်ဟစ်သံတွေနဲ့ ပူဆွေးနေတဲ့ လူတွေရဲ့ရင်ထဲကအပူမီးတွေဟာ အပြင်ဘက်ကလောင်နေတဲ့မီးနဲ့ အပြိုင် ။ 

သက်စွန့်ဆံဖျား တာဝန်ကျေတဲ့ လူတစ်ချို့ သတ္တိသွေးတွေ ပြလိုက်ကြတာ သူနိုင်ငါနိုင် အပြိုင်ကြဲနေကြလေရဲ့ ။

နောက်ဆုံးတော့လဲ ကယ်တင်ရှင်တွေက အားလုံးထက်ပိုစတေးပြီး ကျန်ရှိသူအများကို နှုတ်ဆက်သွားကြတယ်။

ပြန်တမ်းထုတ်ချိန်အပြီးမှာ မိသားစုတွေ ဆောက်တည်ရာမဲ့ ။ရဲဘော်ရဲဘက်တွေက စစ်ခရာမှုတ် ဂုဏ်ပြုနေပေမယ့် သူရဲကောင်းတွေ မကြားနိုင်တော့ပြီ။ ထာဝရလဲလျောင်းသွားသူတွေရဲ့ နာမည် ကျောက်စာပေါ် သွေးချင်းချင်းနီရဲသည်အထိ လက်တို့နဲ့မော်ကွန်းထိုး ။

ငါတို့အားလုံးဟာ မျက်ရည်စတွေကိုယ်စီသုတ်ရင်း ဂုဏ်ယူစွာ အလေးပြုလိုက်ပါတယ်။ ကျုပ်တို့ရင်ထဲမှာ ရဲဘော်မသေ သေသော်ငရဲမလား ဆိုတဲ့ အဖြေတွေ ရင်မှာပိုက် ရင်ခွင်ပက်လက်နဲ့ပဲ ငါတို့ နောက်ကြောင်းပြန်ခဲ့ကြတယ်။

မင်းကောင်းရာသုကတိလားမှာပါကွာ . . . . ။

 

Advertisement
By nyiminn Posted in Essays

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s