ဒီဂိမ်းလေးကိုတော့ဖြင့် အခုတလော ဆော့ဆော့နေတာ မဆိုးဘူးလို့ပြောလို့ရပါတယ် ။ ကျွန်းလေးတစ်ကျွန်း ပေါ်မှာ မြို့လေးတစ်မြို့ကို တည်ဆောက်ရတာဖြစ်ပါတယ် ။ လွယ်တော့မလွယ်ပါဘူး ။ လယ်သမား ၊ အလုပ်သမား ၊ ပညာတတ်လူတန်းစား ၊ အထက်တန်းလွှာ ၊ အားလုံးအလုံးကို ယေဘုယျကျကျ ထိန်းချုပ်ကစားရပါတယ် ။ ဇာတ်လမ်းအတိုင်းဆော့မယ်ဆိုရင် ရွေးကောက်ပွဲတွေဘာတွေပါ လုပ်ပေးရပြီး လူတန်းလွှာအမျိုးမျိုး ၊ လူအမျိုးမျိုးအတွက် ကတိက၀တ်တွေ စီမံကိန်းတွေ ချပြပြီးမှဆော့ရပါတယ် ။ နည်းနည်းတော့ ရှုပ်ပေမဲ့ (အချိန်အကြာကြီးကစားရမယ်ဆိုပေမယ့်) တော်တော် ဆော့လို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ် ။
Advertisement