ကျွန်တော်နှင့် လမ်းလွှဲများ

ဒီရက်ပိုင်း ကျွန်တော် စာရေးတာနဲ့ တော်တော်ကြီး အဆက်ပြတ်သွားတယ်။ ကြားထဲမှာရေးချင်စိတ်ရှိပေမယ့် အကြောင်းကြောင်းကြောင့် မရေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ရေးစရာအကြောင်းအရာတွေက ခေါင်းထဲမှာတော့ရှိနေတယ်။ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး တွေးမိတဲ့အကြောင်းအရာလေးတွေပါ။ လောလောလတ်လတ် ခေါင်းထဲရောက်လာတာက ဧရာဝတီ ဖြစ်နေတယ်။
လွန်ခဲ့တဲ့အချိန်ကာလတစ်ခုဆီက မေခ နဲ့ မလိခ ဆုံပြီး သန့်ရှင်းကြည်လင်တဲ့ ဧရာဝတီ မွေးဖွားလာခဲ့တယ်။ သူ့အတိုင်းအတာနဲ့သူ မြန်မာပြည် မြောက်ဘက်ကနေ တောင်ဘက်ကို စီးဆင်းမြဲစီးဆင်းနေရဲ့။ သူ့အပေါင်းအသင်းတွေက ချင်းတွင်းတို့ သံလွင်တို့ပေါ့။ ဧရာဝတီကို အနီးကပ်စောင့်ရှောက်နေရတဲ့သူတွေလဲ ရှိသေးတယ်။ သစ်ပင်တွေနဲ့ မြေဆီလွှာတွေပါ။ သစ်ပင်က မြေဆီလွှာကို ထိန်းသိမ်းပေးထားပြီး မြေဆီလွှာက ဧရာဝတီရဲ့ လမ်းကြောင်းကို ထိန်းသိမ်းပေးထားပါတယ်။ အချိန်တစ်ခု အဲ့အချိန်က ဧရာဝတီ စပြီးအခြေပျက်တဲ့ တစ်နေ့ပေါ့။ ဧရာဝတီရဲ့ စီးဆင်းရာလမ်းကြောင်းမှာ လူတွေပြုလုပ်ထားတဲ့ တံတားတစ်ခု(စစ်ကိုင်းတံတား) ကိုဆောက်လုပ်ထားတယ်။ သူ့အလျှင်နဲ့သူ စီးဆင်းနေရာက ရေလယ်တိုင်တွေကြောင့် စီးဆင်းနှုန်းကျသွားတဲ့အပြင် လမ်းကြောင်းတစ်လျှောက် သယ်ဆောင်လာတဲ့ နှုံး(အနည်)တွေက အနည်ထိုင်လာပါတော့တယ်။ အဲ့ဒီမှာဖြစ်လာတဲ့ပြသာနာကတော့ မြစ်ကြောင်းအတွင်း သောင်ထွန်းမှုပါပဲ ။
မြစ်အလယ်မှာ သဲသောင်တွေထွန်းလာတော့ မြစ်ကြောင်းက နည်းနည်းပြောင်းသွားပြီ။ ဒါပေမယ့် ဒီဟာ စစ်ကိုင်းတံတားဆောက်တာ တစ်ခုလေးပဲရှိပါသေးတယ်။ လူတွေ လိုအပ်ချက်အရ ၊ ဒေသလိုအပ်ချက်အရ ကောင်းကျိုးတွေရှိသလို ဆိုးကျိုးတွေရှိတယ်ဆိုတာလဲ ကျွန်တော်တွေးကြည့်တာပါ။ ထားတော့ ဆက်ရအောင်။ မြစ်ကြောင်းပြောင်းလဲမှုကလဲ ပြောသလောက်ကြီး မပြောင်းသေးဘူး ။ ဘယ်ပြောင်းမလဲဗျ ကမ်းပါးမှာရှိတဲ့ သစ်ပင်တွေက မြေဆီလွှာကို ထိန်းသိမ်းပေးထားတာကိုး ။ ကံကြမ္မာအရ ဧရာဝတီ ပေါ်မှာ တံတားတွေကများလာတယ်။ စီးဆင်းနှုန်းအရင်ထက်ပိုကျလာတယ်။ သဲသောင်တွေအရင်ထက်ပိုထွန်းလာတယ်။ မြစ်ကြောင်းတွေအရင်ထက် ပိုပြီးပြောင်းလာတယ်။
ပိုဆိုးတဲ့အချက်က မြစ်ကမ်းဘေး သစ်ပင်တွေနဲ့ ဝေေ၀ဆာဆာမြင်တွေ့ရတဲ့ဒီနေ့ ။ မနက်ဖြန်ပြန်လာကြည့် ဘာသစ်ပင်မှမရှိတော့ဘူး ပုဂ္ဂလိကပိုင်ကုမဏီတွေက နိုင်ငံတော်က ချပေးထားတဲ့ လုပ်ပိုင်ခွင့်တွေနဲ့ ခုတ်ယူလှဲပစ်လိုက်တာပါပဲ။ ထို့အတွက်လဲ မည်သည့်အကျိုးခံစားခွင့်မှ မရတဲ့အပြင် ဧရာဝတီခမျာ သူငယ်ချင်းမြေဆီလွှာနဲ့ အုပ်ထိန်းသူသစ်ပင်များကို ဆုံးရှုံးခဲ့ရတဲ့အပြင် သူကိုယ်တိုင်လဲ အသက်ရှင်ရပ်တည်ဖို့အတွက် တော်တော်ကြီးကြိုးစားနေကြရပါတယ်။ ဧရာဝတီဘက်က ရပ်တည်ပေးခဲ့တဲ့သူတွေအတွက်လဲ ဟိုနေ့ကတင် ပြစ်တင်ရှုံ့ချခံရပါတယ်။ ‘ကိုယ့်တာကိုယ် လုံပစေ၊ ရွှေသမင်ဘယကထွက် မင်းကြီးတာက ထွက်’ ဆိုသလိုပါပဲဗျာ။ ဘယ်သူမှမလုပ်ခဲ့ပါဘူး။ လူအနည်းစုကောင်းစားရေးအတွက် ဧရာဝတီက စတေးပေးရမယ်ဆိုတာကတော့ မဖြစ်သင့်ဘူးလို့ထင်မိပါတယ်။ ‘သူ့ဆန်စားလျှင် ရဲရမည်’ ဧရာဝတီဆီကယူထားသူတွေ ဧရာဝတီကို ကာကွယ်ပေးကြရမည်။ ဘယ်သူမှတာဝန်ရှိလဲ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဘယ်သူ့မှာဘာတာဝန်ကြီးပဲရှိနေရှိနေ ဧရာဝတီကို ရှင်သန်စေဖို့အတွက်တော့ အားလုံးမှာ တာဝန်ရှိတယ်။
လူ့ဘောင်ကို တာဝန်က တွန်းအားပေးထားသည်။ ပျက်မလား၊ နေမြဲအတိုင်းလား၊ မြင့်မားတိုးတက်မလား ဆိုသည်မှာ တာဝန်အပြည့်မထမ်းလျှင် ပျက်သည်၊ တာဝန်ကျေရုံမျှထမ်းလျှင် နေမြဲအတိုင်းဖြစ်မည်၊ လိုလိုလားလားနှင့် ပိုကောင်းအောင်ထမ်းဆောင်လျှင် တိုးတက်မည်ပင်ဖြစ်သည်။ ပြည်သူ့နီတိနှင့် လူသားခံယူချက်ကို ကြည့်လျှင် တာဝန်သိစိတ်သည် သူ့ဆန်စားရဲရသော အဖြစ်ထက်အများကြီးပိုမိုမြင့်မြတ်သည်ဟု ထင်မိပါသည်။

Advertisement

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s