(၁)
လေထုထဲက ပွင့်အာသံ
ဖန်သားပြင်ပေါ်က အလင်္ကာ
ရင်ခွင်မှာ ချစ်မိတာ
နင်မသိတော့တာလား . . ။
(၂)
ရက်စက်မှုတွေအတွက်
ခါးသီးမနေတော့ပါ…
သတိရခြင်းကိုသာ စားသုံးမည်
ချစ်ခြင်းတွေ ချိုမြိန်ပါစေ….။
(၃)
နင်နဲ့ ငါ့ကြားထဲမှာ
မာရ်နတ်ရဲ့ လက်ခုပ်သံလို
တခါတခါ . . .
ကန့်လန့်နိုင်လှတယ်. . . ။
(၄)
နင်စွန့်ပစ်ခဲ့တဲ့ ငါ့နှလုံးသား
လောကအမှိုက်ပုံမှာ
ယင်တယောင်းယောင်းနဲ့ မြင်မကောင်းဖူး. . .
“စည်ပင်”ရယ် အမြန်လာပါ. . . . ။
(၅)
သံစဉ်ကွဲအက် ဂစ်တာတစ်လက်
အသံကွဲအက် ညနက်ခဲ့တယ်
ကမ္ဘာဦး ဥယျာဉ်ထဲမှာ
ညနေခင်းတွေလဲ မလှပနိုင်တော့. . . .။
(၆)
ဒေါင်. . .ဒင် ၊ ဒေါင် . .. ဒင်
သံယောဇဉ်တွေ လျော့ရဲနေသည်. . .။
ဒင် . . .ဒေါင် ၊ ဒင် . .. ဒေါင်
နှလုံးသား လက်ကွက်ချော်နေသည်. . .။
(သံစဉ်များ အက်သံပါနေသည်)

7 comments
Comments feed for this article
July 5, 2009 at 3:19 pm
ဝင်းဇော်နိုင်...
အက်နေရင် ကော်နဲ့ကပ်ထားလိုက်…. အဟီး…
July 6, 2009 at 6:16 pm
nyiminn
စူပါဂလူးဖိုးမတတ်နိုင်လို့ . . .. ဒီအတိုင်းပစ်ထားလိုက်ရတယ်. . .အဟဲ…
July 8, 2009 at 9:12 am
ဝင်းဇော်နိုင်
အေး… ငါဝယ်ခိုင်းလိုက်မယ်….. တယောက်ယောက်ကိုပေါ့…အဟီး.. ငါနဲ့ နီးတယ်လေ… အဲတယောက်က..
July 6, 2009 at 10:46 pm
Pauk
အက်သံပါနေရင် လွင့်ပစ်လိုက်လို့ရပြီလေ..
July 8, 2009 at 9:13 am
ဝင်းဇော်နိုင်
မလုပ်ပါနဲ့ဗျာ… သူ့မှာ ဒါလေးပဲချမ်းသာတာ….
July 9, 2009 at 7:50 pm
လွန်
တဲကို မပြောကြပါနဲ့… နာ့တဲ ဆက်ရေး အာဘွား
July 10, 2009 at 10:13 pm
ဝင်းဇော်နိုင်
ဟွန့်… ပါလာပြန်ပီ… နေရာတကာပါတယ်… ပြောလိုက်ချင်ဝူး….