တောက်တောက်ပပ ညထဲ . . .ရှုပ်ထွေးနေတဲ့လူတွေကြားက ညစ်နွမ်းနေတဲ့ မျက်နှာကို တပ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်. . .။ ပြင်းရှချိုအီသော AK-47 အမည်ပေါက် ကော့တေးတစ်ခွက်ကို သူ့ပါးစပ်နဲ့ ထိတွေ့ခွင့်ပေးလိုက်တယ် . .. ။ ပူဆင်းပြီး ရှတနေတဲ့ အရသာတွေ တကိုယ်လုံးကို ပြန့်ဆင်းသွားတယ် . .. ။ ထို့နောက် ခေါင်းထဲကို အသိတစ်ခုတိုးဝင်လာခဲ့တယ်. . .`ရီဝေေ၀´နဲ့ .. ။ ထိုလူငယ် ဘယ်ဝိုင်းနှင့်မှလည်း စကားမပြော . . ၊ ကောင်တာက ကော့တေးစပ်ပေးတဲ့ လူနဲ့တောင် စကားမပြောဖူး . . .၊ ယုတ်တွဆုံး သူ့ကိုယ်သူတောင် စကားပြောဖို့မေ့နေတယ်ထင်ရဲ့ . . . ။ အေးချမ်းတည်ငြိမ်စွာ ဘားမှာ ထိုင်နေတယ်. . . ။ သူ့ရင်ကိုမမြင်ရသေးတဲ့ သူတွေသာ ဒီမှတ်ချက်မျိုးတွေကို ပေးတတ်မိကြတာပါ. . . ။ တကယ်တော့ သူဟာ ပူလောင်နေတဲ့ လူငယ်တစ်ယောက်ပါပဲ . . .။

ပူဆွေးခြင်းမီးတောင်တွေဟာ သောက လောင်စာအပြည့်နဲ့ တမြည့်မြည့် ကြွမ်းလောင်နေတာ ဘယ်သူမှ မရိပ်မိဘူးလေ. . . ။ `ကမ္ဘာဦး ကျိန်စာ ´ ထိခဲ့တယ် ထင်ပါရဲ့ . . . သူ့ဘာသာတွေးပီး ရေခဲရိုက်အပြုံးတပွင့် လူငယ်ခြွေချလိုက်တယ် .. ။ နောက်တော့ . . မီးရောင်များနဲ့ အခန်းငယ်လေးထဲမှာ မီးခိုးတွေ ထုန်မွန်သွားအောင် သူလက်ကြားက စီးကရက်ကို ပင့်ရှိုက်လိုက်တယ် . . .။ နောက်တခွက် . . .နောက်တခွက် . . .နောက်တခွက် .. . ။ ထို့်နောက် ထိုည ထိုလူငယ် ထိုအရက်ဘားမှ ထိုကော့တေး သောက်နေရင်း ထိုအချိန်အနည်းငယ်ကြာတဲ့အခါ. . . ခပ်ဟော့ဟော့ ညရဲ့ဝတ်ရုံ လွှမ်းခြုံထားတဲ့ ခပ်ငယ်ငယ် မိန်းကလေး တယောက် ဘားထဲဝင်လာတယ်. . . ။ ခေတ်သစ်တေမိ မင်းသားဆီကို ကပ်သွားပီး စကားတခွန်း နှစ်ခွန်း ပြောတယ် . . . လူငယ်ရဲ့ မျက်နှာမှာ အလိုမရှိဟန်တွေ အပြည့် ဆင်မြန်းထားပီး . . .မိန်းကလေးကတော့ ကြင်ကြင်နာနာနဲ့ အိမ်ပြန်ဖို့ ဖြောင့်ဖြနေပုံရတယ်.. . . ။ သူတို့နှစ်ယောက်ကိုကြည့်ရတာ အမျိုးလိုလဲမဟုတ်ပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ပြန်ဖူး . . . ချစ်သူရည်းစားလို့လဲ မထင်ရဘူး . . .။ မိန်းကလေးက တောက်ပတဲ့ မျက်ဝန်းတစုံနဲ့ တခုခုကို ကပ်ပြောလိုက်သလိုပဲ . . . ကောင်လေးခမျာ ထုံးစံအတိုင်း ရေခဲရိုက်အပြုံးလေးနဲ့ တုံ့ပြန်တယ်. . . ။ ကောင်လေး ခေါင်းညိမ့်မိလား မညိမ့်မိလား မမှတ်မိတဲ့နောက်. . . ။အဲ့ဒီနောက် မိန်းကလေးက လူငယ်လေးကို ခေါ်ဆောင်သွားတယ်. . . . ။ လင်းတလှည့် မိန်တလှည့် မီးရောင်စုံတဲ့ ညထဲကနေ သူတို့ ရုန်းထွက်လာကြတယ် . . ။ အတွေးတွေ ရှုပ်ထွေးနေဆဲ . . ။ ထို့နောက် မိန်းကလေးက လူငယ်ရဲ့ ကားကို ကျင်လည်စွာ မောင်းနှင်ပီး နေရာတစ်ခုဆီသို့ . . . ရေမွှေးနံ့ ခပ်သင်းသင်း မွေ့ယာထက်သို့ ရောက်ရှိနေ ကြောင်းတော့ သူသတိထားမိသည်. . . ။ ဆက်တွေးလို့လဲမရ သောက်ထားတဲ့ အရှိန်တတ်နေးပီ . . ခေါင်းထဲ ရှုပ်မွနေတဲ့ မသိမ်းဆည်းနိုင်တဲ့ အတွေးစတွေ. . . . ။ အဲ့ဒီနောက် ရမ္မက်ထန် တဲ့ နှုတ်ခမ်းတွေကို မြင်လိုက်ရသလိုပဲ မိန်းကလေးဆီက . . . ။ ထို့နောက် အပြာရောင် မျက်ဝန်းထက်က မျက်ရည်ကြည်ကြည်လေး စို့တတ်လာတာတွေ့ရတယ် . . .။ လူငယ်ကလဲ မူးရူးပီး နာမည်တခုကို ရေရွတ်လိုက်တယ် . . .။ အဲ့ဒီအသံကြားပီး မိန်းကလေးက `အိ´ ခနဲ ရှိုက်ငို ငိုနေတယ် . . . ။ဘာကြောင့်ရယ်တော့ စဉ်းစားလို့မရပါဘူး . . .။ လူငယ်ကလဲ ဒီနာမည်ကိုပဲ ထပ်တလဲလဲ ရေရွတ်နေတယ် . . .။ မိန်းကလေးက လူငယ်လေးကို ကြင်ကြင်နာနာနဲ့ အနမ်းတချက်ပေးပီး အခန်းထဲက ထွက်လာခဲ့တယ် . .. ။ မနက်မိုးလင်းရင် ဒီလူငယ်လေး သူ့ငယ်သူငယ်ချင်း ကောင်မလေး အိမ်မှာ ရောက်နေတာကို စဉ်းစားရကျပ်စွာ နိုးထလာရင် တွေ့ရအုံးမှာပါ . . . ။ (မနှစ်တုန်းက ဘားမှာသောက်ရင်း ဖြစ်ခဲ့တဲ့ အဖြစ်အပျက် တခုကို စိတ်ကူးယဉ်ပီး လျှောက်ရေးထားတာပါ . . )