သူမကို ချစ်ခဲ့ခြင်းအတွက် နောင်တတရာ ကျနော့်မှာ မရှိခဲ့မိပါ. . . ။ ရလိုမှုရမက် တခုအတွက် နှလုံးသားကို စတေးခဲ့ခြင်းမဟုတ်တာ သူမသိပါစေ . . ။ သူမကို ကျနော်ချစ်တယ် . . ။ ကိုးကွယ်တယ် . . ။ မြတ်နိုးတယ် . . ။
မထင်မှတ်တဲ့ သံယောဇဉ်က အစပျိုးခဲ့ပီး ဖြစ်တည်ခဲ့တာပ် . . ။ ကျနော်သူမကို ချစ်တယ်လို့သိလိုက်တဲ့အချိန် ဒုတိယနေရာက ကျနော့်ကို စောင့်ကြိုနေတယ်. . ။ ပထမတွေ ဒုတိယတွေ ပြောနေရအောင် (တန်းစီနေရအောင်) သူမက သမ၀ါယမ ဆိုင်မှမဟုတ်တာ . . .။ အဲဒါကြောင့် ကျနော်ဘေးကို အသာဖယ်ပီး သူမကိုချစ်နေပေးလိုက်ပါတယ် . . . ။ ဘယ်အချိန်မဆို နွေးထွေးတဲ့ ရင်ခွင် တံခါး သူမအတွက် အမြဲဖွင့်ပေးထားတယ် . . ။ သူမနဲ့ သူမချစ်သူ အဆင်မပြေတဲ့အခါ သူမ ငိုဖို့ကျနော့် ပုခုံးတဘက် အပိုင်ပေးထားတယ် . . ။ (ဒါပေမဲ့ အဲ့လိုအချိန်မျိုးမှာ သက်ပြင်းခဏခဏ ချဖို့သူမကို ကျနော်တောင်းဆိုမယ်. . ) ကံကြမ္မာဆိုတာ ဖြစ်ချင်တိုင်းဖြစ်ခွင့်မရှိဘဲ . . ။ အသံချင်းနဲ့ ချစ်မြတ်နိုးအောင် လုပ်ပေးပီး လူချင်းတွေ့ခွင့်မပေးတဲ့အတွက် ကျနော်မကျေမနပ် ဆဲပလိုက်ချင်တယ် . . ။
သူမဆီက အလွမ်းတွေ တပွေ့တပိုက်နဲ့ ပြန်လာခဲ့မယ်လို့ပြောခဲ့လို့ ကျနော်စောင့်နေမိတယ် . . ။ အနေဝေးရင် ချစ်ခြင်းတွေ အေးခဲသွားသတဲ့ . . .။ ကျနော်ရဲဝံ့စွာငြင်းမယ် . . . ။ဘယ်အချိန်မဆို သူမရဲ့စကားသံတွေက ရင်ခွင်ကို နွေးထွေးစေစဲပါ. . . ။ သူမရဲ့ အကျင့်တွေ ၊ အကြောင်းးတွေ . . ၊ သူမကိုအီစီကလီလုပ်နေတဲ့ ကောင်တွေ . . အားလုံးကို လစ်လျူရှူ့ထားပေမယ့် နှလုံးသားကို အကျနာစေခဲ့တယ်. . . ။ သူမအတွက် ကျနော်ဟာ နားလည်မှုအပြည့်နဲ့ စိတ်ချမ်းသာအောင် ထားနိုင်တဲ့ သူမကိုချစ်တဲ့သူ ဖြစ်အောင် ကြိုးစားနေမိတယ် . . .။ သူမအတွက် ကျနော့်အိပ်မက်တွေ များပြားခဲ့တယ် . ။ မျှော်လင့်ခြင်းတွေ ထွန်းလင်းပေးမဲ့ သူမသည်သာ ကျနော့်ကိုးကွယ်ရာ နတ်ဖုရားမ ဖြစ်ပေမည် . . ရင်ထဲက ယုံကြည်စွာချစ်နေမိသည်. . . ။

4 comments
Comments feed for this article
June 22, 2009 at 4:01 pm
ဖယောင်းတိုင်လေး
Same to u! ကျွန်တော်နဲ့ ခံစားချက်ချင်းတိုက်ဆိုင်လိုက်တာဗျာ…
တစ်ခါတစ်လေတော့လည်း ပင်ပန်းမိပါရဲ့။
June 25, 2009 at 4:47 pm
nyiminn
လာရောက် ကွန့်မန့်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်. . . ။
July 10, 2009 at 12:52 pm
မေကျော်
တော်တော်ပင်ပန်းတဲ့ ခံစားမှုပါ…
July 10, 2009 at 7:56 pm
nyiminn
ပင်ပန်းတယ်လို့လဲ မဟုတ်ပါဖူးဗျာ . .. ဒါပေမယ့် ခဏခဏ အကြောင်းပြချက်မရှိဘဲ စိတ်ညစ်ရတယ်. . . ။
ကိုယ့်ကိုကိုယ် အဲ့ဒါကို မကျေနပ်ဆုံးပဲ . . .ဟီး။