- ဧ၀ရက်တောင်ပေါ်တက်

ရက်စက်တဲ့အပြုးံတစ်ချက်နဲ့

ရေခဲမုန့်တစ်ခွက်စားရင်း

အောင်နိုင်ခြင်းဝတ်ရုံကို

လွှမ်းခြုံထားသူကို

ငိုသွားအောင်လုပ်လိုက်ရင်

`ရက်စက်လွန်းတယ်လို့´ထင်ကြမှာလား…… ။

-အချစ်သူရဲကောင်းမပေါ့

စစ်ခရာမမှုတ်

သံလွင်ခက်နဲ့လုပ်တဲ့ ပုလွေနဲ့

သီချင်းတစ်ပုဒ်ကို သီတယ်….

ပြီးမှ

နှလုံးသားမှာ အလံဖြူစိုက်

အင်ပါယာ တစ်ခုလုံး

သိမ်းပိုက်လိုက်တယ်…. ။

-သစ်ရွက်တစ်ရွက် ဖြစ်ခဲ့ရင်

ကြွေပြလိုက်ချင်ရဲ့

ဘာမှပြောခွင့်မရဘဲ

ခံစားနေရသူချင်း တူတူ

ကောင်းကင်ကြီးကမှ

ရွာချခွင့်ရရှာသေးတယ် ……. ။