ကျနော့်အပေါ် ဘာမှန်းမသိခင်ကတည်းက ဂရုတစိုက် စောင့်ရှောက်ခဲ့တဲ့ ………. အမေ
ကျနော်မွေးလာတော့ မိခင်ဘ၀ဆိုတာ ပိုင်ဆိုင်ဖူးသူ တယောက်ဖြစ်သော်လည်း (ကျနော့်အထက်မှာ အကြီးတယောက်ရှိလို့) အချစ်အခင်မပျက် ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ ….. အမေ
ကျနော် အရွယ်ရောက်လာတာတောင် ကလေးတယောက်ရယ်လို့ အမြဲ တဖွဖွ ပြောပြောနေတဲ့ ….. အမေ
သားတွေကို သမီး မိန်းကလေးတွေထက် ပိုပိုသာသာ အုပ်ချုပ်ခဲ့တဲ့ …. အမေ
ကျနော်လိုချင်တာရှိရင် အဖေမသိအောင် တမျိုး သိအောင်တမျိုး အမျိုးမျိုး ဖန်တီးပေးခဲ့တဲ့ …. အမေ
ငယ်ငယ်က တွေးမိတာက အမေဆိုတာ လိုတရ နတ်သမီး တပါးပေါ့….
နည်းနည်းကြီးလာတော့ အုပ်ထိန်းမှုကို တားဆီးမှုလို့ ထင်မြင်မိတဲ့ အရွယ် (အတားအဆီးဆိုရင် ထိုးဖေါက်မယ် ) ဆိုတဲ့ အရွယ်မှာ အမေဟာ ကျနော့်အတွက် တံတိုင်းကြီး တခုလို့ မြင်မိခဲ့တယ် … အမေ
ကိုယ့်ဘ၀အတွက်ကို ရုန်းကုန်ရကောင်းမှန်း သိလာတဲ့တနေ့ ……
အမေ့ကို ကျနော် တချိန်တည်းမှာပဲ ကြည်ညိုလေးစားမိသလို …. (အလိုမကျတဲ့အခါ ) အမေ့စကားသံဟာ ကျနော့်အတွက်တော့ ခါးသက်သက် ဆေးတခွက်လိုပါပဲ…
ဒါပေမယ့် ကျနေုာ်အမေ့ကို အမြဲ ချစ်ခင်လေးစားနေစဲပါ…. ဖြစ်နေတဲ့ ဘ၀မှာ အမေ့ကျေးဇူးမဆပ်နိုင်ခဲ့ပေမယ့် … သား ကြိုးစားပီး ကျေးဇူးမကန်းအောင်နေထိုင်ပါ့မယ် အမေ..
ဘ၀မှာ အမေနဲ့ အဖေသာ အရေးအပါဆုံးဖြစ်မှန်း သိခဲ့တဲ့ တနေ့……. ကျနော်ဟာ နောင်တတွေနဲ့ ဘ၀အဆုံးသတ်မသွားဖို့ပဲ ကျနော်ဆုတောင်းပါတယ် အမေ……
အမေချစ်တဲ့ သားတွေနဲ့ သာယာသော မိသားစုကို ဖြတ်သန်းနိုင်ပါစေ…
ညီမင်း

No comments yet
Comments feed for this article