ဒီနေ့က ကျနော့်အတွက်တော့ တော်တော်ဒုက္ခများတဲ့နေ့ပါ…. ကျနော်တယောက်ထဲများ ကွက်ပီး ပြသာဒါးဖြစ်နေလား မသိပါဖူးဗျာ.. ၊
မနက်အိပ်ယာ ထတော့ ရန်ကုန်ကပြန်ရောက်လာမဲ့ မနိုင်းကို သွားကြိုတယ်.. ၊ အဲ သူ့ကြိုပီးတော့ အိမ်ပြန်လာတော့ တအိမ်လုံး မေမြို့သွားမယ်တဲ့ ၊ ကျနော့်ကို ထမင်းအိုး မီးလာရင် တည်ထားဖို့ပြောတယ် (ကျနော်က မီးသွေးနဲ့ဆိုရင် ထမင်းအိုးမတည်တက်ဖူးဗျ
) နောက်ပီး ဟင်းအိုးတအိုးလည်း တည်သွားတယ် ကြက်သားအိုးပေါ့ ရေကုန်ရင် ချလိုက်တဲ့ … ၊ ကျနော်လည်း ပြီးစလွယ် အမေ့ကို ဟုတ်ကဲ့လို့ ပြောပီး စာအုပ်တအုပ်ကို ဖတ်နေလိုက်တယ် ၊ အဲ သူတို့လည်းသွားရော…. ဟင်းအိုးကို ကျနော်ကြည့်ပါတယ်… ဒါပေမယ့် ရေက နည်းနည်းလိုသေးတယ်ထင်ပြီး ဒီအတိုင်းထားပီး စာပြန်ဖတ်နေလိုက်တယ် … ၊ စာထဲကို အာရုံရတော့ နည်းနည်းကြာသွားပါတယ် … နောက်မှ သတိရပြီး ဟင်းအိုးပြေးကြည့်တော့ ကြက်သားတောင်ကြက်သားမှန်း မသိရလောက်အောင် မည်းသဲနေပါပြီ.. ၊ (ဟင်းအိုးတူးသွားပါသည်) ကျနော်တွေးမိလိုက်တယ် နေ့လည်စာတော့ ငတ်ပါပြီဆိုပြီး.. ၊ အဲလိုဖြစ်ပြီး မကြာဘူး မီးလာရော…. မီးလာတော့ ထမင်းကို ပလပ်ပေါက်သွားထိုးရပါတယ် .. ၊ မန်းလေးမြို့ရဲ့ လျှပ်စစ်ပေးဝေမှုအရ လာပီး ၁၅ မိနစ်လောက်အကြာမှာ မီးပျက်သွားပါတယ် .. ၊ ထမင်းအိုးကို ဖွင့်ကြည့်လိုက်တာ့ အပေါ်ပိုင်းက မွမွလေးဖြစ်နေပြီး အောက်ပိုင်းဆန်က ရေတွေ မကုန်သေးပါဘူး….. ၊ စိတ်တော်တော်ပျက်သွားတယ် … ၊ အဲဒါကို သူငယ်ချင်းတယောက်ကို ဘယ်လိုလုပ်ရင်ရမလည်းဆိုပီး ဖုန်းဆက်လှန်းအမေးမှာ မြန်မာတယ်လီပို့က ကောင်မက ပရမ်းပတာ ဖြေနေလို့ စိတ်တိုရသေးတယ်…. ၊ နက်ဝက်ဘူးစီးနေတာ မပီးတော့ဖူး … ၊ အဲဒါနဲ့ ဖြစ်ချင်တာဖြစ်ဟဲ့ဆိုပြီး … စာအုပ်ပြန်ဖတ်နေတော့ ဖုန်းက ၀င်လာပြန်တယ်.. ၊ ဟလိုလို့ ကျနော်ပြောလိုက်တော့ ဟိုဘက်ကလည်း ဟလိုတဲ့ .. ၊ ဟုတ်ကဲ့ပြောပါဆိုတော့ ဟိုဘက်က ဘာ ဘာသာစကားနဲ့ပြောလည်းတော့ မသိပါဖူးဗျာ.. နားထဲမှာ ခြင်တကောင်ရောက်နေသလိုပဲ အိချောင်ကာလမ်း ဆိုလား ဘာလား တိတော့ဝူး တရုတ်မဟုတ်တာလည်း ကျနော်သိတယ် … ဘာစကားပြောနေမှန်းကို မသိတာ ( စိတ်လေပါတယ်ဗျာ ) ၊ အဲဒါနဲ့ ကျနော်လည်း အင်္ဂလိပ်လို ဆဲဆိုပြီးတော့ ဖုန်းကို ချလိုက်တယ်.. ၊ စာဖတ်ပြန်မလို့ရှိသေးတယ်.. ၊ သူငယ်ချင်းတယောက်က ရောက်လာလို့ ကူညီလိုက်ရသေးတယ် (သူက ဆိုင်ကယ်ဆီပျက်လာတာ) ၊ အပြင်ကို ထွက်မယ်ဆိုတော့ ညနေ၃နာရီထိုးသွားပီ.. ၊ ကျနော့်မှာ ဗိုက်ကဆာ ၊ ထမင်းကပျော့ပြဲ ၊ ဟင်းက တူးတူးခြစ်နေတာ ၊ ဘယ်လိုလုပ်လိုက်ရလည်းဆိုရင် ဘေးအိမ်ကို အကူအညီတောင်းပီး အဲဒီအိမ်မှာပဲ ထမင်းလိုက်စားရပါတော့တယ်ဗျာ…. ၊
ညနေ အပြင်ထွက်လိုက်တော့ သူငယ်ချင်းတွေ ရှိနေကြဆိုင်မှာ မရှိကြဘူး… (စိတ်တော်တော်တိုသွားတယ်) ၊ အဲဒါနဲ့ ဒိန်ချဉ်ဆိုင်မှာ ထိုင်နေတုန်း ဆိုင်ကယ်နဲ့ကားနဲ့ တိုက်မိကြတယ်ဗျာ… ၊ ကားသမားကလည်း ဆိုင်ကယ်မှာ အပြစ်ရှိတယ်ပေါ့ ဘာပေါ့ ညာပေါ့ ပြောဆိုနေလိုက်တာ ၊ ဆိုင်ကယ်သမားကလည်း ကားသမားကို မျက်ကန်းနေသလားတဲ့…. သူတို့နှစ်ယောက် ထသတ်မလို့လုပ်ပြီး ဘယ်သူမှလည်း မသတ်ကြပါဘူးးး .. ၊ (ဒီလိုနဲ့ပဲ ပြီးသွားပါတယ် )
အော်…. ဒီနေ့ ငါဟာ ကံဆိုးမ ဖြစ်သွားပါလား… ဆိုပီး ပေါက်ကရတွေးမိသေးတယ်….. ။
ညီမင်း

No comments yet
Comments feed for this article